အလုပ်လုပ်နေရာမှ အသင်းအမှုဆောင်ကိုသောင်းစိန်နှင့်အတူဝင်လာသောမိန်းမလှလေးဆီ မျက်စိကရောက်ဖြစ်သည်။ “အောင်သူဒါမင်းနဲ့အတူတာဝန်ကျတဲ့အရောင်းပဲ” ကိုသောင်းစိန်ကတည်တည်တန့်တန့်မိတ်ဆက်ပေး၏။ အောင်သူကသမဝါယမ ကုန်ဝယ်စာအုပ်များ အစီအရီထပ်ထားသောစာပွဲဘေး နှစ်တောင်ခန့်ကုန်ဝယ်စာအုပ်များ၏စာအုပ်ပုံလေးပုံကြားမှခါးဆန့်၏။ “ဟုတ်ကဲ့ဦးလေးသူ့ကိုဘာတာဝန်ပေးရမလဲဟင်” “အရောင်းပါဆိုကုန်ချိန်တဲ့ဘက်ကပေါ့ဟ ညနေကျရင်ဥက္ကဌအိမ်ကိုခွေအပ်ရင်းမင်းလာခဲ့အုံးနော်ကြားလား” “အော်ဟုတ်ကဲ့ဦးခင်မောင်။ (၅)လမ်းအဘဦးအောင်ရှိန်ရှိလား” သူကဆိုင်ရှေ့တွင်ကြိပ်ကြိပ်တိုးနေသောလူအုပ်အပေါ်မိုး၍ ဆိုင်အတွင်းမှအသံကျယ်ကျယ်အော်ရင်းစာအုပ်ထောင်ပြ၏။ “ရှိတယ်ရှိတယ်ဆပ်ပြာနို့ဆီ ဖယောင်းတိုင်” “အကုန်ယူမယ်ပြောလဲပြီးတာပဲဗျာ” “ဟဲ အကုန်မယူဘူးငွေကမလောက်ဖူးဟဲ့” “အခုပေးနေတာဆပ်ပြာ။နို့ဆီ။ဖယောင်းတိုင်သုံးမျိုးပဲ ကုန်နေပြီးအဒေါ်ရဲ့” အောင်သူဘေးမှဘောက်ချာရေးနေသော “အမာ” ကဇီးထုပ်တစ်ထုပ်ကိုးစားရင်းမှ ခေါင်းထောင်ပြီးပြောသည်။ အမာက(၁၀)တန်းအောင်ပြီး သမဝါယမဝင်လုပ်နေသူ။ တစ်ချိန်က အ-ထ-က (…